International News

ထိုင်းနိုင်ငံဗန်ကောက်မြို့ Siam Commercial Bank ရုံးချုပ် ၌ Myanmar Day 2019 ကျင်းပခြင်း

Last Updated:

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Siam Commercial Bank ရုံးချုပ်၌ Myanmar Day 2019 ကျင်းပခြင်း

 

        ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Siam Commercial Bank ရုံးချုပ်ပြခန်းဆောင်၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် (၁၀ ၀၀) နာရီတွင် Myanmar Day 2019 မြန်မာ MSME ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ကျင်းပခဲ့ပါသည်။ အဆိုပါမြန်မာ MSME ထုတ်ကုန်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဉီးမျိုးမြင့်သန်း၊ စီးပွားရေးသံမှှူး ဉီးလွင်မျိုးဇော်၊ ပထမအတွင်းဝန် ဉီးစိုပြေငြိမ်းချမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးရာ အဖွဲ့ဝင် ဉီးတင်ဝင်း၊ Siam Commercial Babk President Mr.SarutRuttanapornနှင့် Siam Commercial Bank မှ အကြီးတန်းအရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံMs.VititaTheeraporn၊ မြန်မာနိုင်ငံဆိုင်ရာ Coordinator Ms. NwayNwayHtwayနှင့် တာဝန်ရှိသူများ၊ မြန်မာ MSME လုပ်ငန်း (၁၇) ခုမှ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံ Distribution Company များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

  အဆိုပါ Myanmar Day 2019၊ မြန်မာ MSME ထုတ်ကုန်ပြပွဲသို့ မြန်မာနိုင်ငံမှ MSME လုပ်ငန်းရှင် ကုမ္ပဏီစုစုပေါင်း (၁၇) ခု တို့မှ ပြခန်းပေါင်း (၁၇) ခန်းတွင် မြန်မာ့ MSME ပစ္စည်းများဖြစ်သော မြန်မာကော်ဖီ(Genius Brand)၊ မြန်မာ့လက်ဖက်ခြောက်၊ မြန်မာ Coconut Oil ၊ မြန်မာ့ပျားရည်၊ ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းထုတ်ကုန်များ၊ Premium Quality Myanmar Garlic and Chili Powder၊ ၊ Potato Chips ၊ Premium Mobi Corn ၊Khaya Green Tea ၊ Casara Genius Coffee Cherry Tea၊ MayMYO Fresh Coffee ။ ShwePyiNann သနပ်ခါး၊ ShweThonedary သနပ်ခါး၊ အဘထရှူဆေး၊ Tang Tea မန်ကျည်းအနှစ်၊ Toddy Palm ၏ ချင်းထန်းလျက်မှုန့်၊ ရုပ်သေးလက်ဖက်ရည် အစရှိသည့် မြန်မာ့ MSME ထုတ်ကုန်အမျိုး (၂၀) ကျော်ကို စုံလင်စွာ ခင်းကျင်းပြသ မိတ်ဆက်ရောင်းချပေးခဲ့ကြရာ အချို့ထုတ်ကုန်များမှာပြပွဲပြသချိန်(၃) နာရီခန့်အတွင်း အကုန်ရောင်းချနိုင်ခဲ့ကြပါသည်။

 အဆိုပါ Myanmar Day 2019၊ မြန်မာ MSME ထုတ်ကုန်ပြပွဲတွင်ပြသသည့် Myanmar MSME လုပ်ငန်းများအား ထိုင်းနိုင်ငံတွင်လာရောက်ပြသရန်အတွက် စုစုပေါင်း မြန်မာ MSME ကုမ္ပဏီ (၆၀) ခန့်အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖိတ်ကြားကာထိုင်းဈေးကွက်၌ ထိုးဖေါက်ရောင်းချရန် သင့်တော်ကောင်း မွန်အလားအလာရှိသော လုပ်ငန်း (၂၀) အား သတ်မှတ်အချက်များနှင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။  အဆိုပါ မြန်မာ MSME လုပ်ငန်း (၆၀) တို့အား ၎င်း ဒီဇင်ဘာလ (၉) ရက်နေ့တွင် ထိုင်းသံရုံး၌ ထိုင်းနိုင်ငံသို့ မြန်မာ့ထုတ်ကုန်များတင်ပို့ရာတွင် သိရှိဆောင်ရွက် သင့်သည့်အချက်အလက်များ ၊ ဈေးကွက်ထိုးဖေါက်ခြင်း၊ Distribution နှင့် Digital Marketing ဆိုင်ရာဗဟုသုတများ၊ packing နှင့်ခေတ်ပေါ် Digital နှင့် Mobile Paymaent ဆိုင်ရာ ဗဟုသုတများအားဟောပြောပို့ချခြင်း၊ မြန်မာ MSME လုပ်ငန်းရှင်များ၏ သိရှိလို၍ မေးမြန်းသည်များကို ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

      မြန်မာ MSMEs လုပ်ငန်း (၁၇) ခုတို့ အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Siam Commercial Bank ရုံးချုပ်၌ ထိုင်းနိုင်ငံထင်ရှားကျော်ကြားလူသိများလှသော Distribution Company (၇) ခုတို့နှင့် တွေ့ဆုံကာ Business Matching ဆွေးနွေးညိှနှိုင်းချိတ်ဆက်မှုများ အသီးသီးဆောင်ရွက်နိုင်ခဲ့ ကြပါသည်။

  ယခုကဲ့သို့ Myanmar Day 2019 အား ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ MSME ထုတ်ကုန်များအား ထိုင်းနိုင်ငံအပါအဝင် အာဆီယံဈေးကွက်သို့ ထိုးဖေါက်တင်ပို့နိုင်ရေး၊ မြန်မာ MSMEs လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ထုတ်ကုန်အရည်အသွေးများအား ကြီးထွားဖွံ့ဖြိုးတိုးတက်လျှက်ရှိသော အာဆီယံ၏ စီးပွားရေးအခြေအနေနှင့်အညီ မြှင့်တင်ပေးနိုင်ရေး၊ မြန်မာ MSME ထုတ်ကုန်များ တိုးတက်မြှင့်တင်ပို့နိုင်ရေး၊ မြန်မာ MSME လုပ်ငန်းရှင်များအနေဖြင့် ထိုင်းစားသုံးသူများ၏ လိုလားချက်၊ အလားအလာနှင့် အပြုအမူများကို ပိုမိုသိရှိနားလည်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပိုမိုဖေါ်ဆောင်ဖန်တီးပေးနိုင်ရေးတို့အတွက် အဓိကရည်ရွယ်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန၊ Siam Commercial Bank ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မြန်မာ MSME လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု ပထမအစီအစဉ်ဖြစ်ပြီး မြန်မာနိုင်ငံအခြေစိုက် Siam Commercial Bank ရုံးခွဲ၏ အဓိကကူညီပံ့ပိုးမှုများဖြင့် ယခုအစီအစဉ်ကဲ့သို့ မြန်မာ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ MSME ထုတ်ကုန်များအား ထိုင်းနိုင်ငံနှင့် အာဆီယံဈေးကွက်သို့ ပိုမိုထိုးဖေါက် တင်ပို့နိုင်ရေးအစီစဉ်သစ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် Siam Commercial Bank ရုံးခွဲ၏ ပြောကြားချက်အရသိရှိရပါသည်။

 

(သတင်းအရင်းအမြစ်။      ။ ထိုင်းနိုင်ငံ မြန်မာစီးပွားရေးသံမှူး)

 

 

Category: International News